၉/၁၁ အမှတ်တရ အမြွှာမျှော်စင်ကို ဒရုန်းနဲ့သရုပ်ဖော်
၉/၁၁ အမှတ်တရ အမြွှာမျှော်စင်ကို ဒရုန်းနဲ့သရုပ်ဖော်
ရေးသားခဲ့သည်။
၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က နယူးယောက်က အမြွှာမျှော်စင်ကို အကြမ်းဖက်သမားတွေက လေယာဥ်တွေအပိုင်စီးပြီး ဝင်တိုက်ခဲ့တာ ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နယူးယောက်ကောင်းကင်ယံမှာ ဒရုန်းတွေနဲ့ အမြွှာမျှော်စင်ပုံ သရုပ်ဖော်ပြသထားပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အသက်ဆုံးခဲ့ရတဲ့ လူ ၂၉၇၇ ယောက်ကို အမှတ်ရတဲ့အနေနဲ့ အခုသရုပ်ဖော်ပြကွက်မှာလည်း ဒရုန်းပေါင်း ၂၉၇၇ ကို သုံးထားပါတယ်။ ဒီပြကွက်ကို အနုပညာရှင်တွေ၊ ဖြစ်စဥ်ဖြစ်ချိန်က အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတွေနဲ့ ကွယ်လွန်သူတွေရဲ့ မိသားစုတွေပူးပေါင်း ဖန်တီးခဲ့တာပါ။ •
#ဘီဘီစီမြန်မာပိုင်း #နယူးယောက် #၉/၁၁ ဖြစ်စဥ် #ဒရုန်းနည်းပညာ



