ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြင်းခြံကနေ တခြားမြို့ရွာတွေကို စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်
မြင်းခြံကနေ တခြားမြို့ရွာတွေကို စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်
ရေးသားခဲ့သည်။
မြင်းခြံမြို့ထဲကနေ တခြားမြို့တွေဖြစ်တဲ့ နွားထိုးကြီး၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မလှိုင်၊ ငါန်းဇွန်နဲ့ မြစ်ငယ်မြို့တို့ အပါအဝင် ကျေးရွာတွေဘက်ကို ရောက်ရှိသွားနိုင်တဲ့ စားနပ်ရိက္ခာတွေ အားလုံးကို စစ်တပ်ဂိတ်တွေက အကန့်အသတ်နဲ့ပဲ သယ်ယူခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန်တစ်ပြည်ထက် ပိုသယ်လာရင်လည်း စစ်ဆေး ရိုက်နှက်တာတွေရှိသလို ဆန်ကိုပါ သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲပါလဲ။ အပြည့်အစုံကို မသင်းသင်းနွယ်က ပြောပြမှာပါ။